What is VPC?
ကျွန်တော်တို့ AWS ကို စပြီးလေ့လာပြီ စပြီး သုံးပြီဆိုရင် အများဆုံး ကြားရ တာတွေကတော့ EC2,VPC,Lambda blah blah blah ပေါ့။
ဒီနေ့တော့ VPC ဆိုတာ ဘာလဲ ဆိုတာ ကို overview လေး ပြောပြသွားပါ့မယ်။
VPC ဆိုတာဘာလဲ
VPC - Virtual Private Cloud ဆိုတာကတော့ ကိုယ့်ရဲ့ AWS account ပေါ်မှာ ကိုယ်က သီးသန့် Infra လေး တစ်ခု ဆောက်တာလို့ အလွယ်ပြောလို့ရပါတယ်။
ဆိုလိုချင်တာက ကိုယ့်ရဲ့ Office Network ကို ကိုယ်တိုင် စိတ်တိုင်းကျ တည်ဆောက်သလိုပေါ့။ ကိုယ့်ရဲ့ လိုအပ်ချက်အတိုင်း CIDR range ဘယ်လောက် သုံးမယ်။ ဘယ် server တွေကို ဘယ် subnet range အတွင်းမှာ ထားမယ်။ အဲ့လိုမျိုး ကိုယ့်စိတ်တိုင်းကျ တည်ဆောက်လို့ရပါတယ်။
ကျွန်တော်တို့တွေက Sever(ec2 instance) တွေကိုလဲ VPC ထဲက subnet တွေပေါ်မှာပဲ run ကြတာကိုး။ ပြီးရင် အဲ့ server တွေ internet ထွက်ဖို့ route table တွေကိုလဲ VPC မှာပဲ ဆောက်ကြတာပေါ့။
ပြီးတော့ AWS က ကျွန်တော်တို့ကို VPC တစ်ခု စပြီးတည်ဆောက်တာကနေ customize လုပ်တာ rtb(route table) တွေ ဆောက်တာ ပြင်တာကို အလယ်, နောက်ဆုံး VPC တစ်ခုလုံးကို ဖျက်ပစ်တာအထိ စိတ်ကြိုက်လုပ်ခွင့်ပေးထားတယ်။
AWS မှာ Region တွေ ခွဲထားတာကို သိမယ်ထင်ပါတယ်. Singapore ဆိုရင် ap-southeast-1, Tokyo ဆိုရင် ap-northeast-1 အဲ့လို မျိုးပေါ့။
AWS ရဲ့ Region တိုင်းမှာ AWS က Default VPC တစ်ခုစီ ဆောက်ထားပေးတယ်။ တစ်ကယ်လို့ ကိုယ်က အသစ်မဆောက်ချင်လဲ သူတို့ပေးထားတဲ့ ထဲမှာ ဝင်သုံးလိုက်လို့ရတာပေါ့။ ဒါပေမယ့် ကိုယ်တိုင် ကိုယ့်သဘောကျ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ပြီး အသစ် တစ်ခု တည်ဆောက်ကြတာ များပါတယ်။
ပြီးတော့ ကိုယ်က Region တစ်ခုထဲမှာပဲ multiple VPC တွေ ဆောက်လို့လဲရတယ်။
ဥပမာ ကိုယ်က Singapore region မှာပဲ VPC 2 ခုဆောက်ပြီး သုံးချင်တာမျိုးပေါ့။
ဒါပေမယ့် AWS quota အရတော့ Region တစ်ခုမှာ VPC 5 ခုပဲ ဆောက်ခွင့်ပေးထားတယ်။ ဒါပေမယ့် ကိုယ်က 5 ခုထက် ပိုပြီး လိုအပ်နေတာဆိုရင်တော့ AWS ဘက်ကို ဆက်သွယ်ပြီး ညှိနှိုင်းလို့ရပါတယ်။ သေချာတဲ့ အကြောင်းပြချက်တော့ ပေးရမှာပေါ့။
Subscribe to my newsletter
Read articles from Min Htet San directly inside your inbox. Subscribe to the newsletter, and don't miss out.
Written by
Min Htet San
Min Htet San
I'm Security and Cloud Support Engineer at KBZ Bank. I'm tying to be a Cloud Native Engineer......