AWS Certified Solutions Architect (Associate) Exam Readiness Guide


How to start preparing for an AWS certificate
ဒီအပိုင်းလေးမှာတော့ ကျွန်တော်က AWS certificate ဖြေဖို့ဘယ်ကစလေ့လာရမလဲ။ ဘယ်က resource ရှာရမလဲဆိုတာတွေပြောပြသွားပေးမှာဖြစ်ပါတယ်။
How to start learning with AWS
ပထမဆုံး AWS ကိုစတင်လေ့လာမယ်ဆိုကျွန်တော်အကြံပေးချင်တာကတော့ အရင်ဆုံး AWS ရဲ့ official website ကိုသွားပါ။ ကျွန်တော်အောက်မှာ link ထည့်ပေးထားပါတယ်။ အဲ့မှာဆိုရင် ကိုယ်ဘယ်လမ်းကိုသွားချင်လဲ? For e.g architect ဖြစ်ချင်တာလား developer လုပ်ချင်တာလား ဆိုတာတွေရွေးလို့ရပါတယ်။ အဲ့လိုရွေးပြီးသွားရင် ဒီ website က recommend လုပ်ထားတဲ့ learning path ပေါ်လာပါလိမ့်မယ်။ ဥပမာအားဖြင့် သင်က beginner ကစမယ်ဆို ဘယ် course ကနေစပါ၊ ကိုယ်လိုချင်တဲ့ target ဆီရောက်ဖို့ လိုအပ်တဲ့ course တွေပြထားပါလိမ့်မယ်။ ဒီနေရာမှာသတိထားရမှာက ကျွန်တော်ပြောချင်တာသည် သူတို့ပြထားတဲ့ courses တွေအားလုံးကိုဝယ်ပြီးလေ့လာဖို့မဟုတ်ပါ အဲ့လိုသွားကြည့်လိုက်ချင်းအားဖြင့် အကြမ်းဖျင်း idea ရသွားပါလိမ့်မယ်၊ ကိုယ့်ရဲ့ learning roadmap ကဘယ်လိုရှိသင့်တယ်ဆိုတဲ့ဟာကို အဲ့နောက်မှာမှ ကိုယ်နဲ့ကိုက်ညီမယ့် courses တွေရှာပြီးလေ့လာရမှာဖြစ်ပါတယ်။
AWS Certification Paths
ကဲဟုတ်ပြီ အဲ့ link ကို ကိုယ်တိုင်သွားမကြည့်ချင်တဲ့သူတွေအတွက် ကျွန်တော်ကဒီမှာပဲ AWS မှာဘယ်လို Learning paths တွေရှိလဲဆိုတာကိုအကြမ်းဖျင်းရှင်းပြပါမယ်။ ပထမဆုံးကိုယ်က cloud နဲ့ပတ်သက်ပြီး ဘာ experience မှမရှိသေးဘူးဆိုရင် Cloud practitioner ကနေစတင်လေ့လာ ဖို့လိုပါမယ်။ အဲ့မှာဘာတွေပါမလဲ ဆိုတော့ ကျွန်တော်အပိုင်း ၁ မှာ share ပေးခဲ့တဲ့ ဒီ AWS ဆိုတာဘာလဲ on-premises နဲ့ဘာတွေကွာလဲ AWS သုံးရင်ဘာ benefits တွေရှိလဲ ဆိုတာကနေ AWS ကိုဘယ်လိုတည်ဆောက်ထားသလဲဆိုတဲ့ information တွေ AWS ကနေ provide လုပ်ပေးနေတဲ့ core services ( compute, storage, databases etc. ) အကြောင်းတွေကို အကြမ်းဖျင်းအားဖြင့်ပါမှာဖြစ်ပါတယ်။ အဲ့ကနေမှ ကိုယ်က basics တွေသိသွားပြီဆိုရင် နောက်တစ်ဆင့်တက်ဖို့ ဘာတွေရှိလဲဆိုရင် associate level certificates တွေရှိပါတယ်။ အဲ့မှာမှ ကိုယ်က developer associate ဖြစ်ချင်လား၊ solutions architect associate ဖြစ်ချင်တာလား ၊ SysOps Administrator associate ဖြစ်ချင်တာလားဆိုတာရွေးလို့ရပါတယ်။ အဲ့မှာမှဒီသက်ဆိုင်ရာ topics နဲ့ပတ်သက်ပြီးလေ့လာရတဲ့ services တွေအနည်းငယ်ကွဲသွားမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် developer ဆို ဒီ AWS cloud ပေါ်မှာ application တွေဘယ်လို develop လုပ်မလဲဆိုတာတွေပို focus ထားရမှာဖြစ်ပြီး solutions architect ဆိုရင်တော့ ဒီကိုယ့်ရဲ့ organization အတွက် AWS services တွေကို ဘယ်လို maximum efficieny ရအောင်အသုံးချမလဲ ဆိုတာတွေစဥ်းစားရမှာဖြစ်ပါတယ်။ ဒီ post က basics ကိုပဲရည်ရွယ်တာဖြစ်တဲ့အတွက် professional certificates တွေ specilty certificates တွေတော့ ထည့်မပြောတော့ပါဘူး။ အောက်မှာ reference ယူလို့ရအောင်ရှိတဲ့ certificate လမ်းကြောင်းတွေ ထည့်ပေးထားပါတယ်။
Which domains include in Solutions Architect?
ဒီအပိုင်းလေးမှာတော့ကျွန်တော်က Solutions architect လမ်းကြောင်းသွားချင်တဲ့သူတွေအတွက် ဘာတွေကိုသိထားရမဲဆိုတဲ့ ဟာလေးတွေပြောပြပေးသွားပါမယ်။ AWS ရဲ့ official white paper မှာတော့ဒီလိုဖော်ပြထားပါတယ်။
Solutions Architect Learning Path
သူဆိုလိုချင်တာက Solutions architect ဖြစ်ချင်တဲ့သူတစ်ယောက်သည် AWS ရဲ့ core services အကြောင်းတွေကို ပိုင်ပိုင်နိုင်နိုင် သိထားဖို့လိုပါတယ်။ ဒါ့အပြင်အဲ့ services တွေကိုသုံးပြီး Highly available ဖြစ်တဲ့ architecture တွေ ( minimum downtine ကိုဆိုလိုသည်။) နောက်ပြီး High Performing ဖြစ်တဲ့ architecture တွေ၊ ကိုယ် Deploy လုပ်ထားတဲ့ applications တွေကို security perspective အရ ဘယ်လို rules တွေသတ်မှတ်ပေးထားမလဲဆိုတာတွေ၊ AWS ရဲ့ principle အရ least privilege ဘယ်လိုပေးမလဲဆိုတာတွေ၊ နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ organization ရဲ့ budget နဲ့ချိန်ပြီးဘယ်လို cost efficient အဖြစ်ဆုံး ဖြစ်အောင်သုံးမလဲ ဆိုတာတွေတွက်ချက်တတ်ဖို့လိုပါမယ်။
How to prepare for Solutions Architect - Associate exam
အဲ့တော့ ဒီ စာမေးပွဲကိုဖြေချင်တယ်ဆို ဘယ်ကနေဒါတွေကိုသွားလေ့လာရမလဲ ဆိုတာမေးစရာရှိလာပါတယ်။ ဒီနေရာမှာ ကျွန်တော်သွားခဲ့တဲ့လမ်းကြောင်းနဲ့ ယှဥ်ပြီးပြောပြပေးသွားပါမယ်။ လေ့လာစရ္နေရာတွေကတော့အများကြီး ရှိပါတယ်။ အဲ့ထဲမှာမှ ကိုယ်နဲ့ကိုက်ညီတဲ့ budget နဲ့လိုက်ပြီးရွေးချယ်ရမှာဖြစ်ပါတယ်။ Local language နဲ့လေ့လာချင်တယ်ဆိုလည်း ဒီမှာဖွင့်နေတဲ့ သင်တန်းတွေရှိမယ်ထင်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ နိုင်ငံခြားက resources တွေကိုပဲအဓိကထာ္ပြီးပြောပြပေးသွားပါမယ်။ AWS ရဲ့ official website မှာလည်း courses တွေ virtual training ပေးတာတွေရှိပါတယ်။ ဒါပင်မယ့် စျေးနှူန်းအရများနေပါလိမ့်မယ်။ နောက်ပြီး တစ်ခြား AWS နဲ့ partner ယူထားတဲ့ Training foundations တွေလည်းရှိပါတယ်။ ဥပမာအားဖြင့် Pluralsight တို့ Acloudguru တို့ရှိပါတယ်။ အဲ့ websites တွေမှာလည်း subscribe လုပ်ပြီးသွားလေ့လာလို့ရပါတယ်။ ကျွန်တော် လေ့လာခဲ့တဲ့လမ်းကြောင်းကတော့ Udemy က Stephane Maarek ရဲ့ AWS certified Solutions Architect course ကိုဝယ်ပြီးလေ့လာခဲ့ပါတယ်။ အဲ့ course မှာတော်တော်လေးကို ပြည့်စုံတယ်လို့ပြောလို့ရပါတယ်။
မှတ်ချက်။ ကြော်ငြာပေးခြင်းမဟုတ်ပါ။
နောက်တစ်ခုကတော့ ဟုတ်ပြီ ကိုယ်က course တောြလေ့လာလို့ပြီးပြီ၊ ဒါပင်မယ့် စာမေးပွဲဖြေဖို့ confidence မရှိသေးဘူးဆိုရင် practice exam တွေဖြေကြည့်လို့ရပါတယ်။ ဒီနေရာမှာလည်း AWS က official ထုတ်ပေးထားတဲ့ practice exams တွေရှိပါတယ်။ ဒါပင်မယ့် တန်ဖိုးအရ များပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ လမ်းကြောင်းကတော့ Tutorial dojo ဆိုတဲ့ website ကနေ practice exam ဝယ်ပြီးလေ့ကျင့်ခဲ့ပါတယ်။ စျေးနှုန်းအရလည်း သင့်တော်လို့ဖြစ်ပါတယ်။ ဒီနေရာမှာ အကြံပေးချင်တာက တစ်ချို့က exam dumps တွေရှာတတ်လေ့ရှိပါတယ်။ ဒီ offical exam နဲ့ ဘယ်လောက် percent တူတဲ့ဆိုတဲ့ ကြော်ငြာမျိုးတွေ တွေ့ရတတ်လေ့ရှိပါတယ်။ လုံးဝမလုပ်ပါနဲ့ 🙅♂️🙅♂️ အားမပေးပါဘူး။ Practice exam ဖြေတဲ့နေရာမှာလည်း စာမေးပွဲမှာအမှတ် ကောင်းဖို့ မေးခွန်းတွေကို အလွတ်မှတ်တဲ့ပုံမျိုးနဲ့မလုပ်ပါနဲ့။ Theory ကိုပိုင်အောင်စဥ်းစားပါ။ Practice exam မှာသူက Use cases လေးတွေပြောပြထားပြီး ကိုယ်သာဒီ နေရာမှာဆို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ပုံမျိုးနဲ့ လေ့ကျင့်ပါ။ ဒါဆိုရင် ဒီစာမေးပွဲ အောင်ဖို့အတွက်ပဲမဟုတ်ပဲ ကိုယ့်ရဲ့ နောက်လျှောက်လှမ်းမယ့်လမ်းကြောင်းမှာလည်း အများကြီးအထောက်အကူ ပြုပါလိမ့်မယ်။
My personal exam tips
ပထမဆုံးကတော့ ကိုယ်ကိုယ်ပိုင် AWS အကေင့်တစ်ခုရှိထားရင်အကောင်းဆုံးပါ။ visa card တစ်ခုခု ရှိရင်ဖွင့်လို့ရပါတယ်။ အဲ့မှာကိုယ်လေ့လာထားတဲ့ theories တွေကိုလက်တွေ့စမ်းပါ။
notes မှတ်ပါ။ ဟုတ်ပါတယ် ကျွန်တော်တို့က လူတွေဖြစ်တဲ့အတွက် ဒီအရာတွေကို အချိန်တစ်ခုရောက်သွားရင် မေ့သွားတာမျိုးဖြစ်နိုင်ပါတယ်။ notes မှတ်ထားပြီး ကိုယ်မေ့သွားတယ်ထင်ရင် အဲ့အပိုင်းကိုပြန်ကြည့်လို့ရပါတယ်။
Schedule ဆွဲထားပါ။ ကိုယ်တစ်နေ့ တစ်နေ့ ဒီဟာလေ့လာဖို့ အတွက် အချိန်ဘယ်လောက်ပေးမယ်၊ ဘယ်နှစ်ရက်ကြာရင်တော့ ဒီ course ကိုပြီးနိုင်တယ်ဆိုတာမျိုးသတ်မှတ်ထားပါ။ အဲ့အတိုင်းလိုက်လုပ်ပါ။
ကိုယ်စားမေးပွဲဖြေမယ့်နေ့ကို ကြိုတင်သတ်မှတ်ထားပါ။ အဲ့နည်းအားဖြင့်ကိုက ဒီရင်ရောက်ရင်ဖြေရတော့မယ် ဆိုတာမျိုးတွန်းအား ရှိပြီးပိုခရီးရောက်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ exam dumps ကိုလုံးဝ အားမကိုးပါနဲ့။ အဲ့တာတွေကြည့်ပြီး ကိုယ်ကမေးခွန်းတွေရနေလို့ အောင်သွားပြီး certificate ရလည်းကိုယ့်အတွက်ဘာအကျိုးမှမရှိပါ။ ကိုယ်ကိုယ်တိုင် theory ကိုနားလည်ပြီး practical အရသုံးတတ်အောင်လေ့လာပါ။
ကဲ ပြောစရာရှိတာတွေလည်းကုန်ပြီလို့ထင်ပါတယ်။ ဒီစာလေးက်ိုဖတ်ပြီးတစ်ခုခု ရသွားမယ်လို့မျှော်လင့်ပါတယ်။ ကံကောင်းကြပါစေ။
Subscribe to my newsletter
Read articles from Hein Htet Win directly inside your inbox. Subscribe to the newsletter, and don't miss out.
Written by

Hein Htet Win
Hein Htet Win
I am a DevOps Engineer from Yangon, Myanmar. I fell in love with automation and CI/CD. I also enjoy using open-source software and regularly contribute to and participate on webinars. In my spare time, I enjoy playing games with my friends in addition to my job.