Router တစ်လုံး ဘယ်လို အလုပ်လုပ်? Part-2

Min Htet SanMin Htet San
3 min read

အရင်နေ့ကတော့ ကျွန်တော် Router တစ်လုံးရဲ့ အခြေခံ အလုပ်လုပ်ပုံနဲ့ အဓိက တာဝန် ၂ ခု က Path Selection and Packet Forwarding ဖြစ်တယ်ဆိုတာကို မိတ်ဆက်ပေးပြီးခဲ့ပါပြီ။ ဒီနေ့မှာတော့ Path Selection ကို ဘယ်လို လုပ်တယ်ဆိုတာကို ဆက်ပြီး ပြောပြသွားပါ့မယ်။

Routing Process

Routing Process ဆိုတာကတော့ Router ရဲ့ အဓိက တာဝန် ၂ ခုဖြစ်တဲ့ Path Selection and Packet Forwarding ကို လုပ်နိုင်ဖို့ လုပ်ပေးရတဲ့ Step by Step Process တွေပဲ ဖြစ်ပါတယ်။ Routing Process တွေကတော့

  • Routing <ကိုယ့်ဆီ ရောက်လာတဲ့ Packet ကို ဘယ်ကနေပြီးတော့ Forward လုပ်ပေးရမလဲလို့ ရှာတာပါ>

  • Switching <ရှာလို့ တွေ့ပြီဆိုရင် routing decision အတိုင်း interface တွေ ကြားမှာ packet ကို move လုပ်ပေးရပါတယ်။ example: form e0/0 to e0/1 >

  • Encapsulation <network တစ်ခုကနေ နောက် network တစ်ခုကို ပို့ဖို့ အတွက် L2 Header,L3 Header တွေကို လိုအပ်သလို ပြောင်းလဲ ပေးတာပါ>

    •     Src MAC: Host A         Router 1
          Dst MAC: Router 1       Router 1 removes Layer 2 header
      
          Src MAC: Router 1       Router 2
          Dst MAC: Router 2
      

တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် တစ်ခုခြင်းစီ ရှင်းပြသွားပါ့မယ်။


Routing Process

Routing Process မှာတော့ Part-1 မှာ ကျွန်တော် ရှင်းပြခဲ့တဲ့ Step တွေ ပါ ပါတယ်။
Router ရဲ့ Interface တစ်ခုကို Packet တစ်ခု စဝင်လာတာနဲ့ L3 IP Header ထဲက Header Checksum ကို ကြည့်ပြီးတော့ ဒီ packet ဟာ Error ကင်းရဲ့လား စစ်ပါတယ်။ ပြီးရင်တော့ Unicast Packet ဆိုရင် Destination IP ကို ကြည့်ပြီးတော့ Router ကိုယ်တိုင် သွားတတ် မတတ် Routing Table ထဲမှာ သွားစစ်ပါမယ်။ Route ရှိနေရင် / Default Route ရှိနေရင် Forward လုပ်ပေးမှာ ဖြစ်ပြီးတော့ မရှိဘူးဆိုရင်တော့ ဖြတ်ချ လိုက်မှာဖြစ်ပါတယ်။

အခု ကျွန်တော်က Routing Process မှာ Routing Table ထဲမှာ Route ကို ဘယ်လို ကြည့်ပြီးတော့ Packet ကို Forward လုပ်ဖို့ ဆုံးဖြတ်ချက် ချတာကို ပြောပြသွားပါမယ်။

IP Routing Decision Process:
  - Step 1: Longest Prefix Match
    | Destination Route ကို တစ်နေရာထပ် ပိုပြီး ရနေရင် Longest Prefix Match ကို စစ်ပါတယ်။
    | Example: /30 is preferred over /24.

  - Step 2: Same Protocol Check
    | Longest Math မှာ အနိုင်အရှုံး မပေါ်ဘူးဆိုရင် Routing Protocol ကို စစ်ပါတယ်။

    - If Same Protocol:
        | Routing Protocol တွေတိုင်းမှာ ကိုယ်ပိုင် Metric တွေရှိကြပါတယ်။
        | Same Protocol ဆိုရင် Metric Value တွေ ယှဉ်ကြည့်ပါတယ်
        | OSPF မှာတော့ ခြွင်းချက်လေး ရှိပါတယ်။

    - If Different Protocols:
        | Compare Administrative Distance (AD)
        | AD Value ငယ်တာက အနိုင်ရပါတယ်။
        | Example: EIGRP (90) is preferred over OSPF (110).

Longest Prefix Match

ဆိုကြပါစို့ ကျွန်တော် က 192.168.10.100 ဆိုတဲ့ destination ကို သွားချင်တယ်။ 192.168.10.0/24 အတွက် Route တစ်ခု 192.168.0.0/16 ဆိုပြီး Route တစ်ခု စုစုပေါင်း ၂ ခု ရှိနေတယ်ဆိုပါတော့။ Router က 192.168.10.0/24 ကို best route အနေနဲ့ ရွေးချယ်ပါတယ်။ /24 vs /16 ဆိုရင် /24 Longer Prefix Match ဖြစ်နေလို့ပါပဲ။

Router မှာ Best Route အတွက် ပြိုင်တဲ့ အခါတိုင်း Longest Prefix Match က နိုင်ပါတယ်။

OSPF က ကနေ /24 နဲ့ Route တစ်ခုရတယ်။ Static Route ကနေပြီး /23 နဲ့ ရတယ်ဆိုရင်။ Static Route ရဲ့ AD value က 1 ဖြစ်နေတာတောင်မှာပဲ OSPF က အနိုင်ရမှာပါ။ Policy Base Routing က နေလွဲပြီး Longest Prefix Match ကို ကျော်လို့ မရပါဘူး။


Same Protocol Check

တစ်ကယ်လို့ ကိုယ်သွားချင်တဲ့ Destination ရဲ့ Prefix က အတူတူပဲ ဖြစ်နေတယ်ဆိုရင် Same Protocol လား Different Protocol လားဆိုတာကို စစ်ပါတယ်။ ဆိုလိုချင်တာက OSPF and EIGRP ကနေ x.x.x.x/24 ဆိုပြီး ရနေတယ်လို့ မြင်ကြည့်လိုက်ပါ။ ဒါဆိုရင် Router က Different Protocol ဆိုပြီး မြင်ယောင်ပြီး ဆုံးဖြတ်ချက် ချမှာပါ။ Same Protocol ဆိုရင်လဲ Same Protocol အလျောက် Decision ချမှာ ဖြစ်ပါတယ်။

If Same Protocol

တစ်ကယ်လို့သာ Same Protocol သာဆိုရင် Metric Value ကို ကြည့်ပြီး ဆုံးဖြတ်မှာပါ။ Routing Protocol တိုင်းမှာ သူတို့နဲ့ သက်ဆိုင်တဲ့ Metric တွေရှိကြပါတယ်။

OSPF - Cost, RIP - Hop Count, EIGRP - Composite Metric စသည်ဖြင့်ပေါ့။ Same Protocol သုံးထားတာ ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ Routing Protocol တွေရဲ့ Metric တွေပေါ်ကို မူတည်ပြီးတော့ အကောင်းဆုံး လမ်းကြောင်းကို ရှာပါတယ်။

တစ်ခုမှတ်ထားသင့်တာက OSPF Routing Protocol မှာတော့ Metric Value ကို အရင်မကြည့်ပဲနဲ့ OSPF Route Type ကို အရင်ကြည့်ပါတယ်။ O, OIA, N1, N2, E1, E2 စတဲ့ Route Type တွေကို အရင်စစ်ပါတယ် ပြီးမှ Metric ကို စစ်ပါတယ်။

If Different Protocol

တစ်ကယ်လို့ Different Routing Protocol ကို သုံးထားမယ်ဆိုရင်တော့ AD Value ငယ်တဲ့ သူက ပို အနိုင်ရပါတယ်။

ProtocolAD Value
Connected0
Static (with next-hop IP)1
eBGP (External BGP)20
EIGRP (internal)90
OSPF110
IS-IS115
RIP120
EIGRP (external)170
iBGP (Internal BGP)200
Unknown / Untrusted255

ကျွန်တော် သက်ဆိုင်ရာ Routing Protocol တွေရဲ့ AD Value ကို စုထားပေးပါတယ်။
Same Prefix Length မှာ Static Route vs OSPF ဆိုရင် AD value ငယ်တဲ့ Static Route က သေချာပေါက်နိုင်မှာပေါ့ဗျာ။


ဒါဆိုရင် Router တစ်လုံးရဲ့ Routing Process ထဲမှာ ပါတဲ့ အကောင်းဆုံးလမ်းကြောင်း ဘယ်လိုရွေးတယ်ဆိုတာကို ကျွန်တော် ပြောပြခဲ့တာ ဖြစ်ပါတယ်။ နောက်နေ့မှာတော့ Switching Process and Encapsulation Process ကို ထပ်ပြီးပြောပြသွားပါ့မယ်။

the-art-by-makisam.cloud

1
Subscribe to my newsletter

Read articles from Min Htet San directly inside your inbox. Subscribe to the newsletter, and don't miss out.

Written by

Min Htet San
Min Htet San

I'm Security and Cloud Support Engineer at KBZ Bank. I'm tying to be a Cloud Native Engineer......